မြစ်ကြီးနား၊ မြစ်ဆုံ၊ ဇလုံတောင်၊ အင်းတော်ကြီး
သဘာဝ တောတောင် လျှိုမြောင်များကြားမှ ငြိမ့်ညောင်း သာယာစွာ စီးဆင်းလာသော မေခ၊ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံမှုဖြင့် ဧရာဝတီ စတင် သန္ဓေတည်ခဲ့ရာ မြစ်ဆုံဒေသ၏ အလှ၊ ဟိမဝန္တာ အရှေ့ဖျား နှင်းဖုံး၊ တောင်တန်းကြီးများ၏ ကျက်သရေဆောင် ရွှေမဉ္ဇူ ဘုရားကြီးသို့ သွားရောက် ဖူးမြော်နိုင်စေမည့် မြစ်ကြီးနား ခရီးစဉ်ကို နှစ်သက် ကျေနပ်ဖွယ် ဝန်ဆောင်မှုများဖြင့် ပို့ဆောင်ပေးနေပါသည်။