မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မင်းကွန်း
ခမ်းနား ထည်ဝါလှသော မင်းကွန်း ပုထိုးတော်ကြီးကို ဖူးမြော်ပြီး မင်းကွန်း ခေါင်းလောင်းတော်ကြီးအား လေ့လာ၍ မင်းကွန်းဒေသ၏ ဆည်းဆာအလှကို စက်လှေပေါ်မှ ခံစားရင်း လူကြီးမင်းအတွက် ဆန်းသစ်သော အာရုံ ခံစားမှုများကို ရရှိစေနိုင်မည့်အပြင် ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့၏ ကျက်သရေဆောင် မဟာမုနိဘုရားကြီးနှင့် မန္တလေးတောင် ဘုရားများ အပါအဝင် စစ်ကိုင်းတောင်ရိုးရှိ တန်ခိုးကြီး ဘုရားများစွာကို ဦးခိုက် ပူဇော်ရင်း ပန်းမြို့တော်၏ အေးချမ်းသာယာ လှပမှုများက လူကြီးမင်း၏ စိတ်နှလုံးကို ရွှင်ပြုံး ကြည်နူးစေမှာ ဖြစ်ပါသည်။